Wenzhou Medical University

📌တရုတ်နိုင်ငံမှာ ဆေးကျောင်းတက်ဖို့ စဉ်းစားနေပြီဆိုရင်တော့ Medical License အောင်ချက်ကောင်းပြီး နှစ်စဉ် Partial Scholarship ပေးတဲ့ Wenzhou Medical University ကို ရွေးချယ်လိုက်ပါနော်

—————————————————————————————————————————-

📌တရုတ်နိုင်ငံရဲ့  Medical License အောင်ချက် နံပါတ် (၅) နေရာတွင်ရှိသော Wenzhou Medical University (WMU) ကို တရုတ်နိုင်ငံ  Zhejing ခရိုင် Wenzhou မြို့မှာ 1912 ခုနစ်က စတင်တည်ထောင်ခဲ့ပြီး 2006 ခုနှစ်မှစ၍ English-taught Programs များကို သင်ကြားပို့ချပေးခဲ့ပါတယ်။ WMU သည် တရုတ်နိုင်ငံအစိုးရက သတ်မှတ်ထားသော နိုင်ငံတကာအဆင့်မှီ ဆေးပညာပရိုဂရမ်စာရင်းမှာ ပါဝင်တဲ့ ဆေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ပထမဦးဆုံး ဥရောပနိုင်ငံများနှင့်ချိတ်ဆက်ထားတဲ့ ဆေးတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျယ်ဝန်းလှပသော Campus မှာ  ကျောင်းစရိတ်သက်သာစွာနဲ့ တက်ရောက်နိုင်ပြီး ထူးချွန်သော ကျောင်းသား ကျောင်းသူများအတွက် ပထမနှစ်ကတည်းက partial scholarship များလည်း ရရှိနိုင်ပါတယ်။ Medical Licensing Exams များမှာလည်း High success rate ဖြစ်တဲ့အပြင် ခေတ်မှီသော ဆေးပညာရပ်ဆိုင်ရာ စက်ကိရိယာများနဲ့ သင်ကြားပေးပြီး Clinical Year တွေမှာလည်း ပြင်ပလူနာ ၅ သန်းနီးပါးရှိသောဆေးရုံကြီး အပါအဝင် ဆေးရုံးကြီး ၅ခုမှာ လက်တွေ့ဆင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် WMU မှာ International Students တွေအနေနဲ့ 6 years Medicine program နဲ့ 5 years Dentistry program တွေကို တက်ရောက်နိုင်ပါတယ်။

📌တရုတ်နိုင်ငံမှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Lin’s Medical Consultation Myanmar ကို ခုပဲ ဆက်သွယ်လိုက်ပါနော်။