Scholar ခံစားခွင့် ရှားပါးလွန်းတဲ့ Medicine ပိုင်းမှာ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအတွက် ပထမနှစ်ကတည်းက partial scholarship ခံစားခွင့်ရရှိနိုင်တဲ့ China ဆေးကျောင်းတွေကလည်း အခုနောက်ပိုင်းမှာ Popular Study Destination တစ်ခုဖြစ်လာပါတယ်။ ကျယ်ဝန်းလှပသော Campus မှာ ကျောင်းစရိတ်သက်သာစွာနဲ့ တက်ရောက်နိုင်ပြီး နိုင်ငံတကာအဆင့်မှီ ဆေးပညာပရိုဂရမ်ကို English ဘာသာစကားနဲ့ သင်ကြားရတာဖြစ်ပါတယ်။ China မှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Lin’s Company ရဲ့ Official Recruitment Partner ဖြစ်တဲ့ Shanghai Jiao Tong University School of Medicine ရှိပါတယ်။
China ဆေးကျောင်းလျှောက်ရန် General Requirement များ
China ဆေးကျောင်းလျှောက်ဖို့ ယေဘုယျအားဖြင့် အောက်ပါအချက်အလက်တွေ လိုအပ်ပါတယ်။
-High School Diploma and Transcript
(Myanmar Matriculation, US Grade 12, A Level, IB, OSSD, GED, Other equivalent with A Level)
-Passport
-English Certificate
(IELTS, TOEFL, Duolingo)
-Hepatitis B Vaccination
-Color Blind, B, C, HIV, TB နဲ့ ကာလသားရောဂါ စသည်ဖြင့် ကူးစက်နိုင်သော ရောဂါများ ကင်းရှင်းရပါမယ်။
(၁) နှစ်စာ ခန့်မှန်းကုန်ကျစရိတ်
China ဆေးကျောင်းကတော့ ကျောင်းစရိတ်အနေနဲ့ တစ်နှစ်ကို 6000 USD – 10000 USD ဝန်းကျင်ဖြစ်ပြီး နေစရိတ်၊ စားစရိတ်အနေနဲ့ တစ်နှစ်ကို 4000 USD ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ (Exchange Rate အတက်အကျပေါ်မူတည်ပြီး အနည်းငယ်ကွာဟနိုင်သည်။)
Long Cycle ပညာရေးဖြစ်တဲ့ ဆေးတက္ကသိုလ်တက်ဖို့ဆို ကုန်ကျစရိတ်ကလည်း မသေးလှတဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းလခနဲ့ နေစရိတ်စားစရိတ် Affordable ဖြစ်တဲ့နိုင်ငံကို ဦးစားပေးရွေးချယ်ဖို့လည်း လိုအပ်ပါတယ်။ China ဆေးတက္ကသိုလ်တွေရဲ့ ကျောင်းစရိတ်၊ နေစရိတ်၊ စားစရိတ်ဟာ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ယှဉ်ရင် အများကြီးသက်သာပါတယ်။
တက်ရောက်နိုင်သော Program များ
-Medicine (6 Years Duration) တက်ရောက်နိုင်ပါတယ်။
Lin’s Myanmar နှင့် လျှောက်ထားနိုင်သည့် Shanghai Jiao Tong University School of Medicine
China မှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Lin’s Company ရဲ့ Official Recruitment Partner ဖြစ်တဲ့ Shanghai Jiao Tong University School of Medicine ရှိပါတယ်။ Lin’s Myanmar ရဲ့ Service ကို ယူလိုက်တာနှင့်တပြိုင်နက် ကျောင်းဝင်ခွင့်ဖြေဖို့ နဲ့ ကျောင်းထဲမှာ စာလိုက်နိုင်အောင် စာသင်ပေးပါတယ်။ ကျောင်းလျှောက်တာကစပြီး visa လျှောက်တာအပါအဝင် China ရောက်ချိန်ကစပြီး ဘွဲ့ရတဲ့ထိ 6 years student affairs တွေအတွက် ဝန်ဆောင်မှု ပေးပါတယ်။ ကျောင်းပြီးသွားရင်လည်း license consultation ကိုပါ ဆောင်ရွက်ပေးလျက် ရှိပါတယ်ရှင်။
Connect with our experts today and take the first step toward an
extraordinary journey. Share your details now, it’s quick, easy, and
absolutely FREE!