Reasons to Study Medicine in China

📌တရုတ်နိုင်ငံဟာ ဆေးပညာသင်ယူမယ့် လူငယ်တွေအတွက် ဘာလို့ Popular Study Destination   တစ်ခုဖြစ်လာတာလဲ ???

—————————————————————————————————————————–

📌ပြည်ပမှာ ဆေးကျောင်းတက်ဖို့ စဉ်းစားကြတဲ့အခါ အဖက်ဖက်နေ လေ့လာသုံးသပ်ကြရပါတယ်။ ဒီတစ်ခါမှာတော့ ဆေးပညာကို လေ့လာတဲ့အခါ တရုတ်နိုင်ငံက ဆေးကျောင်းတွေကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတဲ့ အချက်လေးတွေကို ကြည့်လိုက်ကြရအောင်………………

📌 High-Quality Education
တရုတ်နိုင်ငံမှာ ဆေးပညာကို ကမ္ဘာ့စံချိန်စံညွှန်းများနှင့်အညီ သင်ကြားပေးနေတဲ့ အစိုးရဆေးတက္ကသိုလ်များစွာ ရှိပါတယ်။ အဆင့်မြင့်သင်ထောက်ကူပစ္စည်းများနှင့် အတွေ့အကြုံရှိသော Professor များက သင်ကြားပေးတာ ကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အသွေးမြင့် ပညာရေးကို ရရှိမှာ ဖြစ်ပါတယ်။ ယခုအခါ တရုတ်နိုင်ငံမှာ ဆေးပညာကို English ဘာသာစကားဖြင့် ရွေးချယ်သင်ယူနိုင်ပြီး ကျယ်ဝန်းလှပသော  Campus မှာ မြင့်မားသော ပညာရေးစံနှုန်းများဖြင့်  အရည်အသွေးကောင်းမွန်စွာ သင်ယူလေ့လာနိုင်ပါပြီ။

📌 Affordable Tuition and Living Costs
Long Cycle ပညာရေးဖြစ်တဲ့ ဆေးတက္ကသိုလ်တက်ဖို့ဆို ကုန်ကျစရိတ်ကလည်း မသေးလှတဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းလခနဲ့နေစရိတ်စားစရိတ် Affordable ဖြစ်တဲ့နိုင်ငံကို ဦးစားပေး ရွေးချယ်လာကြပါတယ်။ တရုတ်နိုင်ငံက ဆေးတက္ကသိုလ်တွေရဲ့ ကျောင်းလခနဲ့ နေစရိတ်စားစရိတ်က တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီးသက်သာပါတယ်။ 

📌 Scholarship Opportunities
အခုဆိုရင် တရုတ်နိုင်ငံရဲ့ ဆေးတက္ကသိုလ်တွေက နိုင်ငံတကာကျောင်းသားများအတွက်  Partial Scholarship များကို ပေးနေပါတယ်။ ထူးချွန်တဲ့ကျောင်းသားကျောင်းသူတွေကို ပေးတာဖြစ်တဲ့အတွက် ဝင်ခွင့်စာမေးပွဲမှာ အကောင်းဆုံးကြိုးစားရင် ပထမနှစ်ကတည်းက Scholarship ရရှိနိုင်ပါတယ်။

📌 Extensive Clinical Training
Clinical Exposure ပိုင်းမှာလည်း အစိုးရဆေးရုံတွေမှာ တကယ့်အစစ်အမှန် လူနာတွေနဲ့ လက်တွေ့လေ့လာရတဲ့အတွက် ရှေ့ဆက်မယ့် အလုပ်အကိုင်လမ်းကြောင်းတွေအတွက် အခြေခံအုတ်မြစ်ကောင်း တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ 

📌 Cultural Enrichment
တရုတ်နိုင်ငံက ကြီးမားကျယ်ပြန့်ပြီး လူမျိုးစုများပြားတာကြောင့် မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ လူနေမှုပုံစံများကို ခံစားသိရှိနိုင်တဲ့အတွက် ကျောင်းသားကျောင်းသူများ ပညာသွားရောက်သင်ယူရန် ထည့်သွင်းစဉ်းစားလာကြတဲ့ Popular Study Destination  တစ်ခုဖြစ်လာပါတယ်။

📌 ဒါကြောင့် တရုတ်နိုင်ငံမှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Lin’s Medical Consultation Myanmar ကို ခုပဲ ဆက်သွယ်လိုက်ပါနော်။