Medical University of Bialystok

📌ပိုလန်နိုင်ငံရဲ့ large-scale medical research မှာ ဦးဆောင်နေတဲ့ ဆေးတက္ကသိုလ်မှာ တက်ချင်တယ် ဆိုရင်တော့ Medical University of Bialystok (MUB) က ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ

—————————————————————————————————————————-

📌Medical University of Bialystok (MUB)  က Bialystok ရဲ့ မြို့လယ်မှာ တည်ရှိပြီး ပိုလန်နိုင်ငံရဲ့ Overall University Ranking မှာ နံပါတ် ၅ နေရာမှာ ရှိတဲ့ Public University တစ်ခု ဖြစ်ပါတယ်။ MUB ကို ၁၉၅၀ ခုနစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ စတင်ကာ English Division Program ကို ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အခုဆိုရင် ကျောင်းသားကျောင်းသူပေါင်း ၅၈၀၀ ကျော် ပညာသင်ယူလျက်ရှိပြီး ပိုလန်မှာ ဆရာ၊ ဆရာမအင်အား အများဆုံး ကျောင်းလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ပရိဝုဏ်အတွင်းမှာလည်း စာသင်ကျောင်းဆောင်၊ ကျောင်းသားအဆောင်၊ အားကစားအဆောင် နဲ့ တက္ကသိုလ်သင်ကြားရေးဆေးရုံ တို့က တစ်ခုနဲ့ တစ်ခု နီးကပ်စွာ တည်ရှိတာမလို့ တစ်နေရာတည်းမှာပဲ စာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ MUB က ပိုလန် (PKA) နှင့် ဉရောပရှိ ဆေးကောင်စီများအပြင် GMC, World Health Organization (WHO), the Medical Board of California, APHEA, ASPIRE, and the Medical Council of Thailand စသည့် ဆေးကောင်စီများကပါ အသိအမှတ်ပြုထားတဲ့ ဆေးတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် MUB က Ultra-Modern Research and Teaching Base ကို အခြေခံကာ သင်ကြားတဲ့ တက္ကသိုလ်ဖြစ်တာမို့လို့ Innovative Research တွေ များစွာ ပြုလုပ်နိုင်တဲ့ တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ Artificial Intelligence in Medicine ပိုင်းမှာဆိုရင် MUB က Precursor နဲ့ Leader တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ International students တွေအနေနဲ့ Medicine နှင့် Dentistry Program တွေကို သင်ယူလေ့လာနိုင်ပါတယ်။

📌ပိုလန်မှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Lin’s Medical Consultation Myanmar ကို ခုပဲ ဆက်သွယ်လိုက်ပါနော်။