Poznan University of Medical Sciences

📌Poland မှာ ဆေးကျောင်းတက်ဖို့ ကျောင်းရွေးနေတယ်ဆိုရင်တော့ USMLE passing rate အမြင့်ဆုံး‌ကျောင်း ဖြစ်တဲ့ PUMS ကိုတော့ လုံးဝချန်ခဲ့လို့ မရဘူးနော် “Must Consider” ပါ‼️

———————————————————————————————————  

📌 PUMS ကတော့ Poland ဆေးကျောင်းတွေထဲမှာ USMLE passing rate အမြင့်ဆုံး‌ကျောင်းဖြစ်သလို ဝင်ခွင့်စာမေးပွဲအခက်ဆုံးကျောင်းလို့လည်း နာမည်ကြီးပါတယ်။ (ကြုံတုန်း နည်းနည်းလေးကြွားပါရစေ ခက်ခဲလှတဲ့ PUMS ဝင်ခွင့်စာမေးပွဲကို Lin’s မှာတော့ 100% passing rate တဲ့နော်😉)

About PUMS
📌 PUMS ကို ပိုလန်နိုင်ငံရဲ့ မြို့ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Poznan မြို့မှာ 1919 ခုနစ်က စတင်တည်ထောင်ခဲ့ပြီး 1993 ခုနှစ်ကစပြီး English Taught Programs များကို သင်ကြားပို့ချပေးခဲ့ပါတယ်။ Medical Licensing Exams များနဲ့ အလုပ်အကိုင်ရရှိမှုမှာ High success rate ဖြစ်လို့ နာမည်ဂုဏ်သတင်းကျော်‌ဇောတဲ့အပြင် Europe, UK, US စတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဆရာဝန်တွေကို မွေးထုတ်ပေးနေတဲ့ တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။ Strong Research Center ရှိပြီး Leading International Journals တွေမှာ Research Articles ပေါင်း ၁၀၀၀ နီးပါးကို နှစ်စဉ် Publish လုပ်နေပါတယ်။ PUMS မှာ International Students တွေအနေနဲ့ 6 years Medicine program နဲ့ 5 years Dentistry program များကို တက်ရောက်နိုင်ပါတယ်။ 

Why PUMS?

English Division သက်တမ်းမှာ နှစ် (30) ကျော်ရှိခြင်း၊

International Alumni 2000 ကျော်ရှိခြင်း၊

သင်ရိုးညွှန်းတမ်းမှာ International Standard ဖြစ်ခြင်း၊ 

NBME စာမေးပွဲပုံစံအတိုင်း Exam များစစ်ဆေးခြင်း၊

ခေတ်မီ Medical Simulation များ အသုံးပြုကာ သင်ကြားခြင်း၊

Clinical Hospitals (5) ခု မှာ လက်တွေ့သင်ကြားပေးခြင်း၊

High Qualified Professors များက သင်ကြားပေးခြင်း၊ 

ကျောင်းသူ ကျောင်းသား 95% က ကျောင်းပြီးပြီးချင်းမှာ အလုပ်အကိုင်ရရှိခြင်း၊ 

ဒီအချက်တွေက PUMS ကို ရွေးချယ်တက်ရောက်သင့်တဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်ရှင်။

📌ဒီလို ဂုဏ်သတင်းကြီးမားတဲ့ PUMS ကို လျှောက်ထားချင်တယ်ဆိုရင် အခုပဲ Lin’s Myanmar ကို ဆက်သွယ်လိုက်ပါရှင်။