📌Poland နိုင်ငံဟာ လူငယ်အများစု ဆေးပညာလာရောက်လေ့လာရာ Top destination နိုင်ငံတစ်ခု ဘာလို့ဖြစ်လာတာလဲ‼️
—————————————————————————————————————————————–
📌အနာဂတ်ဆရာဝန်လောင်းလျာလေးတွေဟာ ငယ်စဉ်ကတည်းက မက်ခဲ့ရတဲ့ သူတို့ရဲ့ဆရာဝန်အိမ်မက်ကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ အကောင်အထည်ဖော်ဖို့ ကြိုးစားလာကြပါတယ်။ Smart ဖြစ်ပြီး Digital ခေတ်က လူငယ်တွေပီပီ ကိုယ်လေ့လာချင်တဲ့ပညာရပ်နဲ့ပတ်သက်ပြီး အဘက်ဘက်ကနေ ထောင့်စေ့အောင် စဉ်းစားလာကြပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ဆရာဝန်အိမ်မက်ကို အကောင်အထည်ဖို့ Poland နိုင်ငံကို ရွေးချယ်လာကြပါတယ်။ ကဲ ဒါဆို ဘာလို့ ပိုလန်မှာ ဆေးကျောင်းတက်ဖို့ ရွေးချယ်လာကြတာလဲဆိုတော့ ရွေးချယ်သင့်တဲ့ အချက်အလက်လေးတွေကလည်း ရှိနေပါတယ်။ ဒါတွေကတော့…….
📌World-class and Quality Education
ပိုလန်နိုင်ငံရဲ့ ပညာရေးက World-class Education ဖြစ်ပြီး ဆေးကျောင်းတွေက အစိုးရကျောင်းတွေ ဖြစ်ပါတယ်။ International Standard Curriculum တွေနဲ့ခေတ်မှီသင်ကြားရေးပစ္စည်းတွေကို အသုံးပြုကာ English ဘာသာစကားနဲ့ သင်ကြားရတာပဲ ဖြစ်ပါတယ်။
📌Tuition Fee and Living Expense
Long Cycle ပညာရေးဖြစ်တဲ့ ဆေးတက္ကသိုလ်တက်ဖို့ဆို ကုန်ကျစရိတ်ကလည်း မသေးလှတဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းလခနဲ့နေစရိတ်စားစရိတ် Affordable ဖြစ်တဲ့နိုင်ငံကို ဦးစားပေး ရွေးချယ်လာကြပါတယ်။ ပိုလန်ဆေးတက္ကသိုလ်တွေရဲ့ ကျောင်းလခနဲ့ နေစရိတ်စားစရိတ်က US, UK နဲ့ယှဉ်ရင် အများကြီးသက်သာတဲ့အပြင် တခြား Europe နိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တောင် သက်သာပါတယ်။
📌Clinical Exposure
Clinical Exposure နဲ့ ပတ်သက်ရင်လည်း ပိုလန်က အရမ်းအဆင်ပြေပါတယ်။ Simulation Center တွေအပြင် ဆေးရုံတွေမှာ တကယ့်အစစ်အမှန် လူနာတွေနဲ့ လက်တွေ့လေ့လာရတဲ့အတွက် ရှေ့ဆက်မယ့် အလုပ်အကိုင်လမ်းကြောင်းတွေအတွက် အခြေခံအုတ်မြစ်ကောင်း တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
📌International Alumni
နိုင်ငံပေါင်းစုံက လူငယ်အများစု ဆေးပညာ လာရောက်လေ့လာတဲ့နိုင်ငံ ဖြစ်တဲ့အပြင် ကျောင်းအများစုရဲ့ English Division သက်တမ်းမှာ နှစ် (30) လောက်ရှိနေပြီမို့ International Alumni (2000) ကျော်ထိ ရှိနေပါပြီ။
📌 ပိုလန်မှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Lin’s Medical Consultation Myanmar ကို ခုပဲ ဆက်သွယ်လိုက်ပါနော်။